မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး၊ ပြင်ဦးလွင်နှင့် အမရပူရမြို့နယ်တို့အတွင်းရှိ ဥပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုခွင့်မရှိသော လယ်ယာမြေ၊ သစ်တောမြေနှင့် မြေရိုင်းများကို ဝယ်ယူမိပါက နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်လုပ်ခြင်း၊ အကွက်ရိုက်ခြင်း၊ ခြံစည်းရိုးကာခြင်းနှင့် အဆောက်အဦ ဆောက်လုပ်ခြင်းများကို တားမြစ်ရန် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း၊ ဝိသမလောဘစီးပွားရေးသမားများနှင့် ပွဲစားများက လူမှုကွန်ရက် (Facebook, TikTok) များမှတစ်ဆင့် လိမ်ညာရောင်းချမှုများ ရှိနေဆဲဖြစ်သည်။ မြေအကျိုးဆောင်များ၏ အဆိုအရ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနတွင် မြေရာဇဝင် စစ်ဆေးခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူများသည် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေး သိမ်းဆည်းသည့်အခါ အလုံးစုံ ဆုံးရှုံးနစ်နာကြရကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မြေယာဝယ်ယူရာတွင် အထူးသတိပြုရန် လိုအပ်ပြီး၊ လိုက်နာဆောင်ရွက်မှုမရှိပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်း နည်းလမ်းတကျ အသုံးပြုခွင့်မရှိသော မြေများကို ဝယ်ယူမိ၍ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေ
Jun 18 • 3:27 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


