ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်း၊ ဆားမလောက်ကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာအနီး မိုင်တိုင်အမှတ် (၂၉/၀) နှင့် (၂၉/၁) ကြားတွင် ဇွန်လ ၁၇ ရက် ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ပွားရာနေရာသို့ ညောင်တုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ၅ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး) အနက် အမျိုးသား တစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး၊ အခြားအမျိုးသား တစ်ဦးမှာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူကို လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်း သင့်နာတင်ယာဉ်ဖြင့် ဆားမလောက် တောင်သူလယ်သမားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းကို ဆားမလောက်ကျေးရွာ နိဗ္ဗာန်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



