back

မန္တလေးမြို့သို့ နယ်မြေအခြေအနေကြောင့် ရွှေဘို၊ မုံရွာ၊ မြင်းခြံဘက်မှ ဒေသထွက်ကုန်ပွဲရုံများ ပြောင်းရွှေ့အခြေချလုပ်ကိုင်လာ

Jun 18 • 2:30 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့သို့ နယ်မြေအခြေအနေကြောင့် ရွှေဘို၊ မုံရွာ၊ မြင်းခြံဘက်မှ ဒေသထွက်ကုန်ပွဲရုံများ ပြောင်းရွှေ့အခြေချလုပ်ကိုင်လာ

နယ်မြို့များရှိ ဒေသထွက်ကုန်ပွဲရုံလုပ်ငန်းများသည် သက်ဆိုင်ရာဒေသများ၏ နယ်မြေလုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် မန္တလေးမြို့သို့ လုပ်ငန်...

နယ်မြို့များရှိ ဒေသထွက်ကုန်ပွဲရုံလုပ်ငန်းများသည် သက်ဆိုင်ရာဒေသများ၏ နယ်မြေလုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် မန္တလေးမြို့သို့ လုပ်ငန်းများပြောင်းရွှေ့၍ အခြေချလုပ်ကိုင်မှုများပြားလာကြောင်း မန္တလေးဒေသခံ ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။ ယင်းသို့ ရွှေဘို၊ မုံရွာ၊ မြင်းခြံ စသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ နယ်မြို့များမှ ဆန်၊ ပဲအမျိုးမျိုးနှင့် ထန်းလျက်ပွဲရုံလုပ်ငန်းများ ရာနှင့်ချီ၍ ပြောင်းရွှေ့လာကြသဖြင့် မန္တလေးကုန်စည်ဒိုင်တွင်လည်း အသင်းဝင်ဦးရေ တိုးတက်လာခဲ့သည်။ အဆိုပါပွဲရုံအများစုမှာ ယခင်ကတည်းက မန္တလေးမြို့တွင် ပွဲရုံခွဲများဖွင့်လှစ်၍ ကူးသန်းရောင်းဝယ်မှု ပြုလုပ်လေ့ရှိသော်လည်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ လုပ်ငန်းတစ်ခုလုံးကို အပြီးအပိုင်ရွှေ့ပြောင်းလာကြခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း လတ်တလောနယ်မြေအခြေအနေများကြောင့် ထပ်မံပြောင်းရွှေ့အခြေချလာသည့် ပွဲရုံများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

13