back

ဗီယက်နမ်၊ကောင်းဘန်းပြည်နယ်‌ေဒသခံများ စိန်ခေါ်မှုများအကြား သက်တမ်း ၂၀၀ ကျော် ရိုးရာအမိုးပြားလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းနေ

Jun 18 • 2:04 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်၊ကောင်းဘန်းပြည်နယ်‌ေဒသခံများ စိန်ခေါ်မှုများအကြား သက်တမ်း ၂၀၀ ကျော် ရိုးရာအမိုးပြားလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းနေ

ဗီယက်နမ်မြောက်ပိုင်း ကောင်းဘန်း (Cao Bang) ပြည်နယ်၊ ထုံးကျောက်တောင်တန်းများကြားတွင် တည်ရှိပြီး နွန်းအန် (Nung An) တိုင်းရင်းသားများ နေထိုင်သည့် လုံရီ (Lung Ri) ...

ဗီယက်နမ်မြောက်ပိုင်း ကောင်းဘန်း (Cao Bang) ပြည်နယ်၊ ထုံးကျောက်တောင်တန်းများကြားတွင် တည်ရှိပြီး နွန်းအန် (Nung An) တိုင်းရင်းသားများ နေထိုင်သည့် လုံရီ (Lung Ri) ကျေးရွာသည် သက်တမ်း နှစ် ၂၀၀ ကျော်ပြီဖြစ်သော ရိုးရာ ယင်-ယန် (Yin-Yang) အမိုးပြား သမိုင်းကြောင်းကို ယနေ့တိုင် အသက်ဆက် ထိန်းသိမ်းလျက်ရှိသည်။ ဤအမိုးပြားများသည် ဆန့်ကျင်ဘက်ဒြပ်စင်များအကြား မျှခြေကို ဖော်ညွှန်းပြီး နွေရာသီတွင် အိမ်ကို အေးမြစေကာ ဆောင်းရာသီတွင် နွေးထွေးစေသော အာနိသင်ရှိခြင်းကြောင့် လူကြိုက်များသည်။လက်ရှိတွင် ၎င်းတို့၏ ရိုးရာအမိုးပြားများကို ဟနွိုင်း၊ ဟိုင်ဖုန်း နှင့် ဟိုချီမင်း စသည့် မြို့ကြီးများရှိ ဗီလာများနှင့် အပန်းဖြေစခန်း (Resort) ဗိသုကာလက်ရာများတွင်ပါ အသုံးပြုရန် မှာယူမှုများ ရှိနေသော်လည်း၊ လုပ်ငန်းခွင်အတွင်း စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်။ ကျေးရွာအနီးရှိ အရည်အသွေးမြင့် ရွှံ့စေးမြေများ ကုန်ခမ်းလုနီးပါးဖြစ်နေ၍ ကီလိုမီတာ ၄၀-၅၀ ခန့်အထိ သွားရောက်သယ်ယူနေရခြင်း၊ လောင်စာဆီစရိတ် မြင့်တက်လာခြင်းနှင့် လုပ်သားအင်အား ရှားပါးလာခြင်းတို့ကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်မားလာသည်။ သို့သော်လည်း ကျေးရွာရှိ လက်မှုပညာရှင်များသည် ၎င်းတို့၏ ရိုးရာအတတ်ပညာကို ခရီးသွားလုပ်ငန်းနှင့် တွဲဖက်ကာ နိုင်ငံတကာဧည့်သည်များကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်မည့် အစီအစဉ်များဖြင့် ကမ္ဘာသို့ ဆက်လက်မိတ်ဆက်ပြီး ရိုးရာမပျောက်ပျက်အောင် ကြိုးပမ်းလျက်ရှိသည်။

news-view-count-icon

7