ထိုင်းနိုင်ငံ ခွန်ကန်မြို့ရှိ နိုက်ကလပ်တစ်ခုအတွင်း မွေးနေ့သီချင်းဖွင့်ရန် နောက်ကျသည်ဟုဆိုကာ ပြည်နယ်ရဲတပ်ဖွဲ့ ကြီးကြပ်ရေးကော်မတီဝင်တစ်ဦးက DJ ကို ထိုးကြိတ်တိုက်ခိုက်မှုတစ်ခု ဇွန်လ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနိုက်ကလပ်မှ DJ Mud Nasa ၏ ပြောကြားချက်အရ အဆိုပါအမျိုးသားသည် DJ ခန်းအတွင်းသို့ ဒေါသတကြီး ဝင်ရောက်လာပြီး ၎င်း၏ဦးခေါင်းကို အကြိမ်ကြိမ်ထိုးကြိတ်ခဲ့သည့်အပြင်၊ ဦးထုပ်ကိုပါ ဆွဲချွတ်၍ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆိုင်ဝန်ထမ်းများ၏အဆိုအရ မွေးနေ့ပွဲကျင်းပကြောင်း ကြေညာပေးပြီး၍ တောင်းဆိုထားသည့်သီချင်းကို ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်တွင် အခုလို အကြမ်းဖက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ DJ က သက်ဆိုင်ရာရဲစခန်း၌ တိုင်ကြားထားသဖြင့် ရဲတပ်ဖွဲ့က နိုက်ကလပ်ရှိ CCTV မှတ်တမ်းများကို စစ်ဆေးနေပြီး၊ စွပ်စွဲခံရသူ ရဲအရာရှိကို ခေါ်ယူစစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ ခွန်ကန်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် မွေးနေ့သီချင်းဖွင့်နောက်ကျ၍ DJ ကို ရဲအရာရှိတစ်ဦးက ထိုးကြိတ်
Jun 18 • 2:03 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


