ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒို၏ အတွေ့အကြုံ၊ ဇွဲလုံ့လနှင့် စိတ်ဓာတ်တို့သည် အသင်းရှိ လူငယ်များအတွက် ကြီးမားသော တွန်းအားဖြစ်စေပြီး ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် နီးစပ်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ကွင်းလယ်လူ ဖာနန်ဒက်စ်က ပြောကြားလိုက်သည်။ ပေါ်တူဂီအသင်း၏ ကျောနံပါတ် ၈ ကစားသမား ဖာနန်ဒက်စ်က ရော်နယ်ဒို၏ တစ်သမတ်တည်းရှိသော ခြေစွမ်းနှင့် ဖြတ်သန်းမှုများမှာ လေးစားအတုယူစရာဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော ရော်နယ်ဒိုသည် ယနေ့ည ကမ္ဘာ့ဖလားပွဲစဉ်တွင် ပါဝင်ကစားခွင့်ရပါက မက်ဆီပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ပါဝင်ခွင့်ရသည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး၊ လက်ရွေးစင်အသင်းအတွက် ၂၂၈ ပွဲ ကစားပေးထားသည့် ၎င်း၏သွင်းဂိုးများနှင့်အတူ အသင်းက ရလဒ်ကောင်းများ ရယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သိရသည်။



