back

ထိုင်းနိုင်ငံ ၊ဘန်ကောက်တွင် ပအိုဝ်းအချင်းချင်း ဓားခုတ်မှုဖြစ်ပွားပြီး တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

Jun 18 • 2:02 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ၊ဘန်ကောက်တွင် ပအိုဝ်းအချင်းချင်း ဓားခုတ်မှုဖြစ်ပွားပြီး တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကပိဒေသ စီဖူလာဖာ ဆွယ် (၁၅) တွင် ဇွန်လ ၁၇ ရက် နံနက်အစောပိုင်း ၃ နာရီဝန်းကျင်က ပအိုဝ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားအချင်းချင်း အ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကပိဒေသ စီဖူလာဖာ ဆွယ် (၁၅) တွင် ဇွန်လ ၁၇ ရက် နံနက်အစောပိုင်း ၃ နာရီဝန်းကျင်က ပအိုဝ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားအချင်းချင်း အဖွဲ့လိုက်ချိန်းဆိုရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးတွင် ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့၌ ပြင်းထန်သော ဓားဒဏ်ရာများရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှုခံယူနေရသည်။ ဖြစ်ပွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် ရန်ဖြစ်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ဒဏ်ရာရရှိသူတစ်ဦးသာ ကျန်ရှိခဲ့ပြီး၊ လက်ရှိတွင် ရဲတပ်ဖွဲ့က ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ဘန်ကပိဒေသ၌ပင် ပြီးခဲ့သည့် သင်္ကြန် (ဆုန်ကရန်) ပွဲတော်ကာလကလည်း ပအိုဝ်းရွှေ့ပြောင်းလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

12