ရန်ကုန်ရှိ မြို့နယ်အချို့တွင် ဓာတ်တိုင်များပေါ်၌ တရားမဝင် တပ်ဆင်ထားသည့် ဝိုင်ဖိုင် (Wi-Fi) ဆက်သွယ်ရေးကြိုးများကို လျှပ်စစ်နှင့် စည်ပင်သာယာရေးဌာနတို့က စီမံချက်ဖြင့် လိုက်လံဖယ်ရှား ဖြတ်တောက်မှုများ ပြုလုပ်နေသောကြောင့် မြို့ခံအချို့ ဝိုင်ဖိုင်အင်တာနက် အသုံးပြုမရဘဲ လိုင်းပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ လသာမြို့နယ်တွင် နေထိုင်သူတစ်ဦး၏ ပြောပြချက်အရ စည်ပင်ဌာနက ဆက်သွယ်ရေးကြိုးများကို အစည်းလိုက် ဖြတ်ချနေခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ အင်တာနက်အော်ပရေတာ ကုမ္ပဏီများက မည်သည့်အချိန်တွင် ကြိုးများ ပြန်လည်တပ်ဆင်ပေးမည်ကို မသိရသေးသဖြင့် လတ်တလောတွင် ဖုန်းအင်တာနက်ဒေတာ (Mobile Data) ကိုသာ ငွေဖြည့်ဝယ်ယူ သုံးစွဲနေရကြောင်း သိရသည်။
ရန်ကုန် အချို့မြို့များ၌ ဝိုင်ဖိုင်ကြိုးများကို စည်ပင်နှင့် လျှပ်စစ်ဌာနက စီမံချက်ဖြင့် ဖြတ်တောက်ဖယ်ရှားနေသဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ
Jun 18 • 2:01 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


