back

တရုတ်တက္ကသိုလ်များတွင် AI ခေတ်အတွက် ‘ခေတ်မမီတော့သည့်’ ဝိဇ္ဇာဘွဲ့သင်တန်းပေါင်း ၁၂,၀၀၀ ကျော်ကို ပယ်ဖျက်

Jun 18 • 2:00 AM

breaking-news

China

Local News

cover

တရုတ်တက္ကသိုလ်များတွင် AI ခေတ်အတွက် ‘ခေတ်မမီတော့သည့်’ ဝိဇ္ဇာဘွဲ့သင်တန်းပေါင်း ၁၂,၀၀၀ ကျော်ကို ပယ်ဖျက်

တရုတ်နိုင်ငံရှိ တက္ကသိုလ်များသည် နိုင်ငံ၏စီးပွားရေးစနစ်ကို AI (ဉာဏ်ရည်တု) အခြေပြု စီးပွားရေးဆီသို့ ဦးတည်မောင်းနှင်နိုင်ရန်အတွက် အဆင့်မြင့်ပညာရေးကဏ္ဍတွင် ဖွဲ့စည်...

တရုတ်နိုင်ငံရှိ တက္ကသိုလ်များသည် နိုင်ငံ၏စီးပွားရေးစနစ်ကို AI (ဉာဏ်ရည်တု) အခြေပြု စီးပွားရေးဆီသို့ ဦးတည်မောင်းနှင်နိုင်ရန်အတွက် အဆင့်မြင့်ပညာရေးကဏ္ဍတွင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ ဝိဇ္ဇာ၊ လူမှုရေးသိပ္ပံနှင့် ဘာသာစကားဆိုင်ရာ ဘွဲ့သင်တန်းပေါင်း ၁၂,၀၀၀ ကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဤပယ်ဖျက်မှုသည် တရုတ်တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ၏ သုံးပုံတစ်ပုံနီးပါးအပေါ် ရိုက်ခတ်မှုရှိခဲ့ပြီး ကျောင်းသားသန်းနှင့်ချီ သက်ရောက်မှုရှိခဲ့သည်။ တဖက်တွင်မူ ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း နည်းပညာအခြေပြု ဘွဲ့ကြိုသင်ရိုးအသစ်ပေါင်း ၁၀,၂၀၀ ကို မိတ်ဆက်ပေးခဲ့သည်။ ပညာရေးစီမံခန့်ခွဲသူများက ဝိဇ္ဇာနှင့် လူမှုသိပ္ပံဘွဲ့များကို ဈေးကွက်အတွင်း အလွန်အကျွံလျှံထွက်နေပြီး "ခေတ်မမီတော့ဘူး" ဟု ရှုမြင်လာကြကာ၊ AI ဖွံ့ဖြိုးတိုးတက်မှုကြောင့် ထုတ်ကုန်ဒီဇိုင်း (Product Design) ကဲ့သို့သော ဘာသာရပ်များပင် လုပ်ငန်းပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရသည်။ ယခုကဲ့သို့ ကျောင်းသင်ရိုးများတွင် AI နှင့် ဆက်နွယ်သော ဘာသာရပ်များ ထည့်သွင်းခြင်းကို တရုတ်နိုင်ငံသာမက အိန္ဒိယ၊ ယူအေအီး၊ ကာဇက်စတန်၊ စပိန်နှင့် ယူကေနိုင်ငံတို့ကလည်း အမျိုးသားအဆင့် မဟာဗျူဟာများချမှတ်ကာ ကမ္ဘာတဝန်း လိုက်လံလုပ်ဆောင်နေကြကြောင်း သိရသည်။

news-view-count-icon

14