back

မြန်မာအင်တာနေရှင်နယ်လေကြောင်း(MAI )မှ ကြိုးမဲ့လေယာဉ်တွင်းဖျော်ဖြေရေး (Wireless In-Flight Entertainment) စနစ်သစ် စတင်မိတ်ဆက်

Jun 18 • 1:43 AM

breaking-news

Myanmar

Local

cover

မြန်မာအင်တာနေရှင်နယ်လေကြောင်း(MAI )မှ ကြိုးမဲ့လေယာဉ်တွင်းဖျော်ဖြေရေး (Wireless In-Flight Entertainment) စနစ်သစ် စတင်မိတ်ဆက်

မြန်မာအင်တာနေရှင်နယ်လေကြောင်းလိုင်း (MAI) သည် Aerohub၊ Aeroplay Entertainment တို့နှင့် ပူးပေါင်းကာ လေယာဉ်စီးခရီးသည်များအတွက် ကြိုးမဲ့လေယာဉ်တွင်းဖျော်ဖြေရေး (Wi...

မြန်မာအင်တာနေရှင်နယ်လေကြောင်းလိုင်း (MAI) သည် Aerohub၊ Aeroplay Entertainment တို့နှင့် ပူးပေါင်းကာ လေယာဉ်စီးခရီးသည်များအတွက် ကြိုးမဲ့လေယာဉ်တွင်းဖျော်ဖြေရေး (Wireless In-Flight Entertainment - IFE) စနစ်သစ်ကို ဇွန်လ ၁၇ ရက်တွင် တရားဝင်စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ယင်းစနစ်တွင် Aerohub မှ ကြိုးမဲ့ဖျော်ဖြေရေး ပလတ်ဖောင်းကို ပံ့ပိုးပေးပြီး Aeroplay မှ စိတ်ကြိုက်ရွေးချယ်ထားသော ဖျော်ဖြေရေးကဏ္ဍများကို တာဝန်ယူတင်ဆက်ပေးထားသည်။ ခရီးသည်များသည် လေယာဉ်ပေါ်ရှိ Wi-Fi ကို ချိတ်ဆက်ကာ ထိုင်ခုံရှေ့ရှိ QR code ကို စကန်ဖတ်ရုံဖြင့် မိမိတို့၏ စမတ်ဖုန်း၊ တက်ဘလက် သို့မဟုတ် လက်ပ်တော့များပေါ်တွင် ဟောလိဝုဒ်နှင့် နိုင်ငံတကာရုပ်ရှင်များ၊ ဂိမ်းများ၊ တီဗီအစီအစဉ်များ၊ သီချင်းများနှင့် ခရီးစဉ်ဒေသအချက်အလက်များကို တိုက်ရိုက်ကြည့်ရှု (Streaming) နိုင်မည်ဖြစ်သည်။ MAI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tanes Kumar က ယခုစနစ်သစ်သည် လေကြောင်းလိုင်း၏ အသွင်ကူးပြောင်းမှုခရီးစဉ်အတွက် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ပြီး၊ ခရီးသည်ဗဟိုပြု၍ နိုင်ငံတကာအဆင့်မီ ပိုမိုကောင်းမွန်သော ခရီးသွားအတွေ့အကြုံများ ပေးအပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

43