back

တရုတ်ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း Elaine Chao ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေး

Jun 18 • 1:39 AM

breaking-news

China

Local News

cover

တရုတ်ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း Elaine Chao ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် အမေရိကန်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း အီလိန်းချောင် (Elaine Chao) နှင့် ယမန်နေ့က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သ...

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် အမေရိကန်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း အီလိန်းချောင် (Elaine Chao) နှင့် ယမန်နေ့က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် ဟန်ကျိန့်က ပြီးခဲ့သည့် မေလအတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့ တရုတ်-အမေရိကန် အပြုသဘောဆောင် မဟာဗျူဟာမြောက် တည်ငြိမ်မှု ဆက်ဆံရေး အနေအထားအသစ်ကို အတည်ပြုနိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသော လမ်းညွှန်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေးအတွက် အားစိုက်လုပ်ဆောင်နေပြီး ကုန်သွယ်စီးပွားရေး၊ လူမှုယဉ်ကျေးမှုနှင့် အရပ်ဘက် ကူးလူးဆက်ဆံမှုများကို ပိုမိုတိုးမြှင့်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း Elaine Chao ကလည်း ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုသည် အရေးပါပြီး တည်ငြိမ်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းက ဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ပြောကြားကာ နှစ်နိုင်ငံအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများနှင့် အရပ်ဘက်ကူးလူးဆက်ဆံရေး တိုးတက်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

news-view-count-icon

5