မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမနှစ်လတာ (ဧပြီလနှင့် မေလ) အတွင်း ရေထွက်ပစ္စည်း ၃၉,၀၈၉ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတင်ပို့မှုပမာဏသည် ရေထွက်ပစ္စည်းတန်ချိန် ၆၃,၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၈၇ သန်းကျော် ရရှိခဲ့သည့် ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေထွက်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ခန့်သို့ အဓိကတင်ပို့လျက်ရှိပြီး၊ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ရေထွက်ပစ္စည်း တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။



