back

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး ဆွေးနွေး

Jun 18 • 1:35 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး ဆွေးနွေး

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်မြတ်ကို မြန်မာနိုင်ငံသို့ (၅) ကြိမ်မြောက်အဖြစ် ပင့်ဆောင်ပူဇော်နိုင်ရေးအတွက် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်မြတ်ကို မြန်မာနိုင်ငံသို့ (၅) ကြိမ်မြောက်အဖြစ် ပင့်ဆောင်ပူဇော်နိုင်ရေးအတွက် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံ‌သမ္မတက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအများစုမှာ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသူများဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များကို အထူးတန်ဖိုးထား ကြည်ညိုကြသူများဖြစ်သဖြင့်၊ တရုတ်နိုင်ငံ၌ ထိန်းသိမ်းပူဇော်ထားရှိသည့် မြတ်ဗုဒ္ဓစွယ်တော်မြတ်ကို မြန်မာနိုင်ငံသို့ (၅) ကြိမ်မြောက်အဖြစ် ပင့်ဆောင်အပူဇော်ခံခွင့် ရရှိစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

33