back

မြစ်ကြီးနားမှ ရန်ကုန်သို့ ပျံသန်းသည့် Air KBZ လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လေယာဉ်ပေါ်၌ပင် ကလေးငယ်အား အောင်မြင်စွာ မွေးဖွား

Jun 17 • 11:13 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမှ ရန်ကုန်သို့ ပျံသန်းသည့် Air KBZ လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လေယာဉ်ပေါ်၌ပင် ကလေးငယ်အား အောင်မြင်စွာ မွေးဖွား

မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် Air KBZ လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အချိန်မစောင့်နိုင်ဘဲ လေယာဉ်ပေါ်၌ပင် ကလေးမွေးဖွားခဲ့သည့် ဖြစ်စဉ်...

မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် Air KBZ လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အချိန်မစောင့်နိုင်ဘဲ လေယာဉ်ပေါ်၌ပင် ကလေးမွေးဖွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ အတူလိုက်ပါလာသည့် ခရီးသည်များက ဝိုင်းဝန်းကူညီပေးခဲ့မှုကြောင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး မိခင်နှင့်ကလေး နှစ်ဦးစလုံး ကျန်းမာစွာ ရှိနေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အတွင်း ကလေးငယ်အား အနှီးထုပ်ရန် အဝတ်အစား အခက်အခဲဖြစ်နေစဉ် ခရီးသည်အမျိုးသားတစ်ဦးက ၎င်း၏အင်္ကျီကို ချွတ်ပေး၍ ကူညီခဲ့သည့်အပြင်၊ လေယာဉ်ပေါ်ရှိ အခြားခရီးသည်များကလည်း မိခင်နှင့်ကလေးငယ်အတွက် လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

26