back

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့် ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ

Jun 17 • 11:09 AM

breaking-news

Myanmar

International

cover

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့် ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမ...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။Ballond'Or ဆု ရှစ်ကြိမ်ရရှိထားသည့် အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး မက်ဆီသည် အုပ်စု(ည)ပွဲစဉ်တွင် အယ်လ်ဂျီးရီးယားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အာဂျင်တီးနားအသင်း၏ သုံးဂိုးစလုံးကို တစ်ဦးတည်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။အဆိုပါသွင်းဂိုးများနှင့်အတူ မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် စုစုပေါင်း ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး မီယိုဆလပ် ကလိုဆေး (Miroslav Klose) ၏ ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီကာ ပူးတွဲစံချိန်ရှင် ဖြစ်လာခဲ့သည်။

news-view-count-icon

15