ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး (MR) ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို ၂၀၂۶ ခုနှစ် ဧပြီလမှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဇွန်လ ပထမပတ်အထိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှ ကလေးငယ် ၁၂,၀၀0 ကျော်အား အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ စစ်တွေမြို့နယ်အတွင်းရှိ ကလေးငယ်များကို ဒေသန္တရကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနများ၌ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေး ရခိုင်ပြည်နယ်ရှိ အသက် (၁၅) နှစ်အောက် ကလေးငယ် ၁၂,၀၀၀ ကျော်အား ကာကွယ်ဆေးထိုးနှံပေးပြီးစီး
Jun 17 • 11:08 AM
Myanmar
Rakhine
Share
| 17 | 0 | 0 | 0 |


