back

မျိုးဆက်သစ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများ မွေးထုတ်နိုင်ရေး FIFA-MA Potential Young Referee Course 2026 သင်တန်း ဖွင့်လှစ်

Jun 17 • 11:07 AM

breaking-news

Myanmar

Local

cover

မျိုးဆက်သစ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများ မွေးထုတ်နိုင်ရေး FIFA-MA Potential Young Referee Course 2026 သင်တန်း ဖွင့်လှစ်

မြန်မာ့ဘောလုံးလောကအတွက် အရည်အသွေးမြင့် မျိုးဆက်သစ်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် FIFA-MA Potential Young Referee Course 2026 ဖွင့်ပွဲအခမ်းအနားကို ဇ...

မြန်မာ့ဘောလုံးလောကအတွက် အရည်အသွေးမြင့် မျိုးဆက်သစ်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် FIFA-MA Potential Young Referee Course 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက် (ယနေ့) နံနက် ၁၀ နာရီက သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ သိရသည်။ မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဒိုင်လူကြီးများ၏ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းစဉ်များကို MFF က အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းတွင် သင်တန်းသား ၃၀ ဦးနှင့် သင်တန်းသူ ၅ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်လျက်ရှိပြီး ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13