မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက် (ယနေ့) က ရန်ကုန်မြို့ရှိ Pan Pacific Yangon Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည့် အဆိုပါဖိုရမ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့နှင့်အတူ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Mekong Tourism Forum 2026 ရန်ကုန်မြို့၌ စတင်ကျင်းပ၊ မဲခေါင်ဒေသတွင်းနိုင်ငံများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်
Jun 17 • 11:06 AM
Myanmar
Yangon
Share
| 15 | 0 | 0 | 0 |


