ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။အဆိုပါ Placement Test အထူးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သော ကျောင်းနေအရွယ် ကလေးများအား ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။“စာရင်းအရတော့ ဖလမ်းမြို့နယ်တစ်ခုလုံးမှာ ဖြေဆိုသူ ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ပျ-က်ကွက်သူအချို့ရှိတာကြောင့် အမှန်တကယ် ဖြေဆိုသူက ၃,၀၀၀ နီးပါးရှိပါတယ်” ဟု ဖလမ်းမြို့ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။အဆင့်သတ်မှတ်စာမေးပွဲကို ဖလမ်းမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်း(၂) အပါအဝင် မြို့နယ်အတွင်းရှိ စာစစ်ဌာန ရှစ်ခုဖြစ်သည့် လုမ်ဘန်း၊ ဗားလုံ၊ ဆွောင်းဒို၊ ခေါပွါလ်၊ ဇောင်းသဲ၊ လုမ်သဲနှင့် ဝေဘူလ် ဒေသများတွင် ဇွန်လ ၁၅ ရက်မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆို
Jun 17 • 11:10 AM
Myanmar
Chin
Share
| 22 | 0 | 0 | 0 |


