မြန်မာနိုင်ငံ ပရော်ဖက်ရှင်နယ်ဘောက်ဆင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် WBC/OPBF က တရားဝင်အသိအမှတ်ပြုသည့် WBC/OPBF Myanmar International Belt ခါးပတ်လုပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ သိရသည်။ မကြာသေးမီက ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာကစားသမားများ ရှုံးနိမ့်ခဲ့သော်လည်း ယင်းခရီးစဉ်၏ အကျိုးဆက်ကောင်းအဖြစ် WBC/OPBF အဖွဲ့ချုပ်က မြန်မာနိုင်ငံအတွက် တရားဝင် Title Match ခါးပတ်လုပွဲ ကျင်းပခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲကို မြန်မာကစားသမားများ၏ ပရော်ဖက်ရှင်နယ်အဆင့် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာစင်မြင့်တွင် အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင်က ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် WBC/OPBF တရားဝင်အသိအမှတ်ပြု နိုင်ငံတကာခါးပတ်လုပွဲ ကျင်းပခွင့်ရရှိ
Jun 17 • 9:21 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
ပဲခူးတိုင်းရှိ အာမခံအလုပ်သမား ၇၅,၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးဖိုးထောက်ပံ့ငွေကျပ် သန်း ၄၅၄ ကျော် ပေးအပ်

