back

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး

Jun 17 • 9:20 AM

breaking-news

Thailand

Local News

cover

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက တော်ဝင်မင်းသမီး ကံတော်ကုန်လွန်ခဲ့ခြင်းအပေါ် အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ထိုင်းတော်ဝင်မိသားစုဝင်များ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူများအားလုံးထံသို့ စာနာဝမ်းနည်းကြောင်း သဝဏ်လွှာမှတ်တမ်းကိုလည်း ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

news-view-count-icon

11