မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကို ဇွန်လ ၁၆ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Huot Hak တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် နှစ်နိုင်ငံဝန်ကြီးများက အမှာစကား ပြောကြားခဲ့ကြပြီး၊ အလုပ်သဘော နေ့လယ်စာစားပွဲ၌ ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည့်အပြင် မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow နှင့် မဟာမဲခေါင်ဒေသခွဲ အစားအစာပြပွဲများသို့လည်း အတူတကွ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။



