back

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ နေ့စဉ်ပျမ်းမျှ ၂ ဒသမ ၂ သန်းခန့်အထိ မြင့်တက်လာမည်ဟု ခန့်မှန်း

Jun 17 • 9:03 AM

breaking-news

China

Local News

cover

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ နေ့စဉ်ပျမ်းမျှ ၂ ဒသမ ၂ သန်းခန့်အထိ မြင့်တက်လာမည်ဟု ခန့်မှန်း

လာမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပ...

လာမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ ၂ ဒသမ ၂ သန်းခန့် (အများဆုံးရက်များတွင် ၂ ဒသမ ၃၅ သန်းအထိ) ရှိလာမည်ဟု တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာန (NIA) က ဇွန်လ ၁၆ ရက်တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ သတ်မှတ်ထားသည့် အဆိုပါ အားလပ်ရက်အတွင်း နယ်စပ်ဝင်ထွက်မှုသည် ယခင်နှစ်ကာလတူထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11