၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကာလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၇၅,၀၂၆ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့က ဆေးဖိုးအမှုတွဲ ၂,၁၈၅ တွဲအတွက် ကျပ် ၄၅၄ ဒသမ ၉၈၁ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါကာလအတွင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၁၅ ခန်း၊ Fee for Service စာချုပ်ဆေးခန်း ၁၅ ခန်း၊ ဌာနကြီးဆေးခန်း ၅ ခန်းနှင့် ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆေးကုသရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းရှိ အာမခံအလုပ်သမား ၇၅,၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးဖိုးထောက်ပံ့ငွေကျပ် သန်း ၄၅၄ ကျော် ပေးအပ်
Jun 17 • 9:22 AM
Myanmar
Bago
Share
| 15 | 0 | 0 | 0 |


