back

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်

Jun 17 • 8:14 AM

breaking-news

Myanmar

International

cover

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသ၌ ဇွန်လ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၂၇ မိနစ်တွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း င...

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသ၌ ဇွန်လ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၂၇ မိနစ်တွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျာမနီနိုင်ငံအခြေစိုက် GFZ ဘူမိသိပ္ပံသုတေသနစင်တာက ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်သည် တောင်လတ္တီတွဒ် ၁.၁၃ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၂၀.၂၅ ဒီဂရီတွင် ကနဦး တည်ရှိခဲ့ပြီး၊ ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ လူသေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

21