back

မွန်နှင့် ကရင်ပြည်နယ်တွင် မသမာသောနည်းလမ်းဖြင့် ဓာတ်အားခိုးယူသုံးစွဲသူ ၁၃ ဦးကို ဖော်ထုတ်

Jun 17 • 7:56 AM

breaking-news

Myanmar

Mon

cover

မွန်နှင့် ကရင်ပြည်နယ်တွင် မသမာသောနည်းလမ်းဖြင့် ဓာတ်အားခိုးယူသုံးစွဲသူ ၁၃ ဦးကို ဖော်ထုတ်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံ့မြို့တို့ရှိ စီးပွားရေးလုပ်ငန်းသုံးမီတာ ၅၂ လုံးကို စစ်ဆေးခဲ့ရာမှ မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသူ ၁၃...

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံ့မြို့တို့ရှိ စီးပွားရေးလုပ်ငန်းသုံးမီတာ ၅၂ လုံးကို စစ်ဆေးခဲ့ရာမှ မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသူ ၁၃ ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁၇ ရက် (ယနေ့) တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဓာတ်အားခိုးယူမှုကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ် ၇၈၅ သန်းကျော် တန်ဖိုးရှိ လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၁,၂၀၅,၂၆၆ ဆုံးရှုံးခဲ့ရပြီး၊ ယင်းပမာဏသည် ပြည်သူ ၃,၆၆၉ ဦး နေ့စဉ်သုံးစွဲနိုင်သည့် လျှပ်စစ်မီးပမာဏနှင့် ညီမျှနေသဖြင့် အဆိုပါမီတာများကို ချက်ချင်းပိတ်သိမ်းကာ လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်ခြင်းနှင့် ပြည်သူများ၏ သတင်းပေးမှုများအပေါ် အခြေခံ၍ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ဓာတ်အားလေလွင့်မှု လျော့နည်းပြီး ပြည်သူများထံ ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ဆက်လက်ပူးပေါင်းပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

17