ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၂၂) တွင် ပါးလွှာသဲကြောများကို သုတေသနပြု၍ ဇွန်လ ၁၂ ရက်နေ့က တိုးချဲ့သေနတ်ဖောက်ယူခဲ့ရာ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၄ သန်းခန့် တိုးတက်ထုတ်ယူရရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် မအူပင်၊ ညောင်တုန်းနှင့် အဖျောက်ရေနံမြေများ၌ ပါးလွှာသဲကြောများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ဆိုက်စမစ်တိုင်းတာခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယခင်တွင်းအမှတ် (၁၄၊ ၁၆၊ ၁၈၊ ၂၀) များမှလည်း တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၆ ဒသမ ၈ သန်းခန့် ထွက်ရှိကာ ရန်ကုန်သို့ ဖြန့်ဖြူးပေးလျက်ရှိသည်။ လက်ရှိတွင် အသစ်တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် CNG မော်တော်ယာဉ်အရောင်းဆိုင်များသို့ တိုးချဲ့ပေးပို့ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ် (၂၂) မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၄ သန်းခန့် တိုးတက်ထွက်ရှိ
Jun 17 • 7:55 AM
Myanmar
Ayeyarwady
Share
| 11 | 0 | 0 | 0 |


