၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန်လ ၁၂ ရက်မှ ၁၆ ရက်အထိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ် ၃ ခုနှင့် ငွေတံဆိပ် ၁ ခုဖြင့် အများဆုံးဆွတ်ခူးခဲ့သည့် လှိုင်သာယာ (အနောက်) မြို့နယ်အသင်းက တံခွန်စိုက်ဖလားဆုကို ရရှိသွားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ မြို့နယ်အသီးသီးမှ အမျိုးသား ၁၄၅ ဦးနှင့် အမျိုးသမီး ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဇွန်လ ၁၆ ရက် (ယမန်နေ့) ညနေပိုင်းတွင် ပြုလုပ်သည့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ အမျိုးသား (လူသစ်တန်း)၊ အမျိုးသား (ဂ) တန်းနှင့် အမျိုးသမီးပြိုင်ပွဲများအလိုက် ဆုရရှိကြသူများနှင့် အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို ဆုငွေ၊ ဆုဖလားနှင့် ဆုကလပ်များကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပ
Jun 17 • 7:54 AM
Myanmar
Yangon
Share
| 17 | 0 | 0 | 0 |


