back

ရေကြီးရေလျှံမှုများအတွက် ရန်ကုန်ကန်တော်ကြီးရေပြင်၌ မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ၂၂ ဖွဲ့ကျော် စုပေါင်းကာ (၆) ရက်ကြာ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

Jun 17 • 7:52 AM

breaking-news

Myanmar

Yangon

cover

ရေကြီးရေလျှံမှုများအတွက် ရန်ကုန်ကန်တော်ကြီးရေပြင်၌ မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ၂၂ ဖွဲ့ကျော် စုပေါင်းကာ (၆) ရက်ကြာ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေကြီးရေလျှံမှုများဖြစ်ပွားပါက အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်ရန်အတွက် ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်တွင် မြန်မာနိ...

ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေကြီးရေလျှံမှုများဖြစ်ပွားပါက အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်ရန်အတွက် ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်း ၂၂ ဖွဲ့ကျော်တို့ စုပေါင်းကာ (၆) ရက်ကြာ ရေပြင်ကယ်ဆယ်ရေးနှင့် စက်လှေမောင်းနှင်မှု နည်းစနစ်များကို ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။ နှစ်စဉ်ပြုလုပ်သည့် ယခုကြိုတင်ပြင်ဆင်မှုသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုလျော့ပါးစေရန်အတွက် ပြည်သူများအနေဖြင့်လည်း မိုးလေဝသသတင်းများနှင့် ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်ချက်များကို လေးစားလိုက်နာကာ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

news-view-count-icon

19