back

MWL လိဂ်အဖွင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရတနာပုံအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိ

Jun 17 • 7:50 AM

breaking-news

Myanmar

Yangon

cover

MWL လိဂ်အဖွင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရတနာပုံအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိ

မြန်မာအမျိုးသမီးအမှတ်ပေးဘောလုံးပြိုင်ပွဲ (MWL) ၏ Week-1 ဒုတိယရက်မြောက် ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက် (ယမန်နေ့) ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်း (Y.U.S.C)...

မြန်မာအမျိုးသမီးအမှတ်ပေးဘောလုံးပြိုင်ပွဲ (MWL) ၏ Week-1 ဒုတိယရက်မြောက် ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက် (ယမန်နေ့) ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်း (Y.U.S.C) ၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရတနာပုံယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် ရန်ကုန်အသင်းအတွက် ကစားသမား ဇင်မိုးပြည့်က ပွဲချိန် ၅၇ မိနစ်နှင့် ၈၅ မိနစ်တို့တွင် နှစ်ဂိုး၊ ဆွန်းလဲ့နိုင်က ၈၇ မိနစ်တွင် တစ်ဂိုး သွင်းယူခဲ့ပြီး၊ ရတနာပုံအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် နန်းကွန်ခေးက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်သည် ပရိသတ်များအတွက် ရန်ကုန်နှင့် ရတနာပုံ အမျိုးသမီးအသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုကို ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုအားပေးခွင့်ရခဲ့သည့် ပွဲကောင်းတစ်ပွဲလည်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17