တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်း ဝယ်လက်မရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ဒေသထွက် နာနတ်သီးဈေးနှုန်းများ ယခင်နှစ်ထက် တစ်ဝက်ခန့်အထိ ကျဆင်းကာ ခြံရှင်များ အရှုံးပေါ်နေကြောင်း ရောင်းမော်ကျေးရွာရှိ ဒေသခံများထံမှ သိရသည်။ ယခင်နှစ်က နာနတ်သီးအကြီးတစ်လုံးလျှင် ၃,၅၀၀ ကျပ်၊ အလတ် ၁,၅၀၀ ကျပ်နှင့် အငယ် ၈၀၀ ကျပ်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အကြီး ၁,၅၀၀ ကျပ်၊ အလတ် ၈၀၀ ကျပ်နှင့် အငယ် ၂၀၀ မှ ၃၀၀ ကျပ်အထိသာ ဈေးကျဆင်းသွားခြင်း ဖြစ်သည်။ စစ်ရေးအခြေအနေနှင့် လမ်းပိုင်းပိတ်ဆို့မှုများကြောင့် ထားဝယ်မှ မြိတ်သို့ သွားရသည့်ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်နေသဖြင့် သီးနှံများ လမ်းတွင်ပုပ်သပ်ကာ အဓိကဝယ်လက်ဖြစ်သည့် မြိတ်မြို့မှ မဝယ်ရဲကြတော့ကြောင်း သိရသည်။ လက်ရှိရရှိသည့် ဈေးနှုန်းမှာ ခူးဆွတ်ခနှင့် သွားလာစရိတ်ပင် မကာမိသဖြင့် တောင်သူအချို့မှာ နာနတ်သီးများကို ခြံထဲ၌ပင် စွန့်ပစ်ထားရပြီး၊ ကုန်ဈေးနှုန်းနှင့် သကြားဈေးကြီးမြင့်မှုကြောင့် နာနတ်ယိုထိုးရန်ပင် တွက်ခြေမကိုက်ဘဲ အခက်ကြုံနေကြရသည်။
Jun 17 • 4:34 AM
Myanmar
Tanintharyi
Share
| 12 | 0 | 0 | 0 |


