ဂျပန်ဝန်ကြီးချုပ် Sanae Takaichi နှင့် အီတလီဝန်ကြီးချုပ် Giorgia Meloni တို့သည် ဗြိတိန်နိုင်ငံနှင့် သုံးနိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် မျိုးဆက်သစ်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံကိန်း (GCAP) ကို အရှိန်မြှင့်တင်ရန် ရောမမြို့ ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီခဲ့ကြသည်။ ဗြိတိန်၏ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကြောင့် စီမံကိန်းနှောင့်နှေးနိုင်ခြေအပေါ် စိုးရိမ်မှုများရှိနေသော်လည်း အစီအစဉ်အတိုင်း ၂၀Mz၅ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ခေါင်းဆောင်နှစ်ဦးက အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေးလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရှားပါးဒြပ်စင် (Rare earths) နှင့် အရေးကြီးတွင်းထွက်ပစ္စည်းများ၏ ထောက်ပံ့ရေးကွင်းဆက် ခိုင်မာစေမည့် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အာကာသဖွံ့ဖြိုးရေးဆိုင်ရာ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကိုလည်း ထုတ်ပြန်ခဲ့ပြီး၊ အမေရိကန်နှင့် အီရန်တို့ သဘောတူညီချက်ရရှိပြီးနောက် ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့ကြသည်။


