back

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

Jun 17 • 4:22 AM

breaking-news

Myanmar

Yangon

cover

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့၌ လက်မှတ...

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။အဆိုပါ MoU လက်မှတ်ရေးထိုးပွဲကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK တို့ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ ဝန်ကြီးများသည် အလုပ်သဘော နေ့လယ်စာစားပွဲတွင် ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည့်အပြင်၊ မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow နှင့် မဟာမဲခေါင်ဒေသခွဲ အစားအစာပြပွဲများသို့လည်း အတူတကွ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

news-view-count-icon

19