back

ဂျပန်၌ လက်လီလုပ်ငန်းရှင်များအတွက် စနစ်ပိုင်းအခက်အခဲရှိနိုင်သော်လည်း စားသောက်ကုန်အပေါ် စားသုံးခွန် သုညရာခိုင်နှုန် လျှော့ချရေးကိုသာ LDP ဆက်လက်အလေးထားဆွေးနွေး

Jun 17 • 4:21 AM

breaking-news

Japan

Local News

cover

ဂျပန်၌ လက်လီလုပ်ငန်းရှင်များအတွက် စနစ်ပိုင်းအခက်အခဲရှိနိုင်သော်လည်း စားသောက်ကုန်အပေါ် စားသုံးခွန် သုညရာခိုင်နှုန် လျှော့ချရေးကိုသာ LDP ဆက်လက်အလေးထားဆွေးနွေး

ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် လက်လီဆိုင်များ၏ ငွေကောက်ခံစနစ် (Cash register) နှင့် စာရင်းကိုင်စနစ်များ ပြင်ဆင်ရလွယ်ကူစေမည့် စားသောက်ကုန်...

ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် လက်လီဆိုင်များ၏ ငွေကောက်ခံစနစ် (Cash register) နှင့် စာရင်းကိုင်စနစ်များ ပြင်ဆင်ရလွယ်ကူစေမည့် စားသောက်ကုန်စားသုံးခွန် ၁ ရာခိုင်နှုန်း လျှော့ချရေးအဆိုပြုချက်ကို ဘေးဖယ်ထားပြီး၊ စားသောက်ကုန်ခွန်ကို သုညရာခိုင်နှုန်း (၀%) အထိ လုံးဝပယ်ဖျက်ပေးမည့် အစီအစဉ်ကိုသာ အဓိကထား ဆက်လက်ဆွေးနွေးလျက်ရှိသည်။ LDP အခွန်မူဝါဒဆပ်ကော်မတီဥက္ကဋ္ဌ Daishiro Yamagiwa က ယခုဆွေးနွေးမှုအားလုံးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အထွေထွေရွေးကောက်ပွဲအတွင်းက ပေးအပ်ခဲ့သည့် ကတိကဝတ်အတိုင်း စားသောက်ကုန်ခွန်ကို ၂ နှစ်ကြာ သုညရာခိုင်နှုန်းအထိ လုံးဝဆိုင်းငံ့ပေးရေးအပေါ်တွင်သာ ဗဟိုပြုနေကြောင်း အတည်ပြုခဲ့သည်။လွှတ်တော်တွင်း ပါတီစုံမူဝါဒရေးရာအဖွဲ့အချို့က ၁ ရာခိုင်နှုန်းအဆင့်သို့ လျှော့ချခြင်းသည် ဆိုင်များအတွက် စနစ်ပိုင်းဆိုင်ရာပြောင်းလဲမှု နည်းပါးပြီး ပိုမိုလက်တွေ့ကျသည်ဟု ထောက်ပြထားသော်လည်း၊ LDP ပါတီဝင်အများစုကမူ ရွေးကောက်ပွဲကတိအတိုင်း အပြည့်အဝအကောင်အထည်ဖော်ရန် အလေးအနက် တိုက်တွန်းနေကြသည်။ သို့သော်လည်း စားသောက်ကုန်ခွန်ကို ၀% အထိ လျှော့ချလိုက်ပါက အစိုးရအနေဖြင့် တစ်နှစ်လျှင် အခွန်ဘတ်ဂျက် ယန်း ၅ ထရီလီယံ (ကန်ဒေါ်လာ ၃၁ ဘီလီယံခန့်) အထိ ဆုံးရှုံးရဖွယ်ရှိနေပြီး၊ ဝန်ကြီးချုပ် Sanae Takaichi ၏ အစိုးရအဖွဲ့သည် ဘဏ္ဍာရေးကို လွန်ကဲစွာ သုံးစွဲနေသည်ဟူသော စိုးရိမ်ပူပန်မှုများကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအကြား မြင့်တက်လာစေနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

news-view-count-icon

19