back

ရခိုင်ပြည်နယ်တွင် KBZ အကောင့်များ အသုံးပြုမရသည့် ဂယက်ကြောင့် ငွေသားပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

Jun 17 • 4:19 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်တွင် KBZ အကောင့်များ အသုံးပြုမရသည့် ဂယက်ကြောင့် ငွေသားပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ရခိုင်ဒေသရှိ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုလုပ်ကိုင်သူ အများအပြား၏ KBZ အကောင့်များမှာ ဘဏ်၏နည်းပညာအဆင့်မြှင့်တင်မှုအပြီးတွင် အသုံးပြု၍မရတော့သဖြင့် ဒေသတွင်း၌ ငွေသား...

ရခိုင်ဒေသရှိ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုလုပ်ကိုင်သူ အများအပြား၏ KBZ အကောင့်များမှာ ဘဏ်၏နည်းပညာအဆင့်မြှင့်တင်မှုအပြီးတွင် အသုံးပြု၍မရတော့သဖြင့် ဒေသတွင်း၌ ငွေသားပြတ်လပ်မှု ကြုံတွေ့နေရပြီး ငွေထုတ်ခနှုန်းထားများ မြင့်တက်လာကြောင်း ဇွန်လ ၁၆ ရက်တွင် ဒေသခံများထံမှ သိရသည်။ အဆိုပါအကောင့်များ ပိတ်သွားခြင်းကြောင့် ငွေလွှဲလုပ်ငန်းအချို့ ရပ်တန့်သွားရကာ ငွေသားလိုအပ်သလောက် ထုတ်မပေးနိုင်တော့ဘဲ ယခင်က ငွေကျပ်တစ်သိန်းလျှင် ၂,၅၀၀ မှ ၃,၅၀၀ ကျပ်သာရှိခဲ့သည့် KPay နှင့် Wave Money အွန်လိုင်းငွေထုတ်ခမှာ လက်ရှိတွင် ၄,၅၀၀ မှ ၅,၀၀၀ ကျပ် (၅ ရာခိုင်နှုန်း) အထိ မြင့်တက်သွားသည်။ ရခိုင်ပြည်နယ်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေသဖြင့် အွန်လိုင်းငွေကြေးစနစ်ကိုသာ အဓိကအားကိုးနေရခြင်း ဖြစ်သည်။ ယခုကဲ့သို့ အကောင့်များ အပိတ်ခံရမှုကြောင့် နိုင်ငံခြားဝင်ငွေကို မှီခိုနေရသည့် အခြေခံလက်လုပ်လက်စား ကျေးလက်ဒေသခံများလည်း ပိုမိုကျပ်တည်းလာကြောင်း သိရသည်။

news-view-count-icon

24