ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံကိန်းတွင် စိတ်ဝင်စားသူများ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဖိတ်ခေါ်ထားသည်။ စီမံကိန်းတွင် ပြည်ပပို့ကုန်ကုမ္ပဏီများ၊ တစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ ကို သတ်မှတ်မျိုးကွဲ ၃ မျိုးထက်မပိုဘဲ စိုက်ပျိုးနိုင်သည့် လယ်ယာကုန်ထုတ်သမဝါယမအသင်းများ၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် တောင်သူလယ်သမားအစုအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သည့် MSME များ ပူးပေါင်းပါဝင်နိုင်သည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (PPP) အရ အကောင်အထည်ဖော်သည့် အဆိုပါစီမံကိန်းသည် ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Export Value Chain မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ စီမံကိန်းတွင် ပါဝင်သူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ စိုက်ပျိုးစရိတ်ချေးငွေများဖြင့် ပံ့ပိုးကူညီမည်ဖြစ်ကာ၊ ၂၀၂၆ မိုးစပါးရာသီအမှီ ပါဝင်လိုသူများအနေဖြင့် ဇွန်လကုန်နောက်ဆုံးထား၍ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်
Jun 17 • 1:57 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


