ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co., Ltd. သံရည်ကျိုလုပ်ငန်းတွင် လျှပ်စစ်မီတာ မသမာမှုပြုလုပ်ပြီး တရားမဝင် ဓာတ်အားခိုးယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၅ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၌ ပြုလုပ်ခဲ့သည်။အဆိုပါ တရားမဝင် ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားယူနစ် ၅ သန်းကျော် (၅,၀၆၈,၈၀၀ ယူနစ်) ဆုံးရှုံးခဲ့ရပြီး ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေ စုစုပေါင်း ကျပ် ၄ ဒသမ ၅ ဘီလျံကျော် (၄,၅၀၀,၇၈၀,၀၀၀ ကျပ်) နစ်နာခဲ့ရကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံပိုင်ရှင်ကို မှော်ဘီမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားပြီး လျော်ကြေးနှင့် နစ်နာကြေးများ ပြန်လည်ရရှိရန် ဆက်လက်ဆောင်ရွက်နေသည်။နိုင်ငံတော်အတွက် နစ်နာမှုများကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်မန်နေဂျာ (အင်ဂျင်နီယာ) များဖြစ်ကြသော ဦးဖြိုးလွင်၊ ဦးတင်အောင်မြင့်၊ ဦးကိုကိုဌေး၊ ဦးဝင်းသန့်၊ ဦးဝင်းအောင်နှင့် အငယ်တန်းအင်ဂျင်နီယာ(၂) ဦးစောစိုးမြင့်ခိုင် တို့အား ပြည်ထောင်စုဝန်ကြီးက ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ မှော်ဘီတွင် လျှပ်စစ်မီတာမသမာမှု ဖော်ထုတ်နိုင်ခဲ့သည့် ဝန်ထမ်းခြောက်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
Jun 17 • 1:56 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


