back

ထိုင်းနိုင်ငံ၊ ချင်းမိုင်လေဆိပ်တွင် အမေရိကန်မှ သယ်ဆောင်လာသည့် ကော်သူးလေမှတ်ပုံတင် ၁,၀၀၀ ကျော်ကို အကောက်ခွန်ဌာန သိမ်းဆည်း

Jun 17 • 1:55 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ချင်းမိုင်လေဆိပ်တွင် အမေရိကန်မှ သယ်ဆောင်လာသည့် ကော်သူးလေမှတ်ပုံတင် ၁,၀၀၀ ကျော်ကို အကောက်ခွန်ဌာန သိမ်းဆည်း

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နိုင်ငံတကာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စုမှ သယ်ဆောင်လာသည့် ကော်သူးလေမှတ်ပုံတင်ကတ်ပေါင်း ၁,၂၂၅ ကတ်ကို ထိုင်းအကောက်ခွန်ဌာနက ပြီ...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နိုင်ငံတကာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စုမှ သယ်ဆောင်လာသည့် ကော်သူးလေမှတ်ပုံတင်ကတ်ပေါင်း ၁,၂၂၅ ကတ်ကို ထိုင်းအကောက်ခွန်ဌာနက ပြီးခဲ့သည့်ဇွန်လ ၁၃ ရက်နေ့တွင် စစ်ဆေးတွေ့ရှိကာ သိမ်းဆည်းရမိခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါမှတ်ပုံတင်ကတ်များကို လေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်နှစ်လုံးအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အကောက်ခွန်ဌာနသို့ တရားဝင်ကြေညာခြင်းမရှိဘဲ မှောင်ခိုတင်သွင်းလာခြင်းကြောင့် အကောက်ခွန်ဥပဒေအရ အရေးယူသိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ သိမ်းဆည်းရမိသည့် ကတ်များ၏ ကာလတန်ဖိုးမှာ ဘတ် ၆ သောင်းကျော်ရှိပြီး သယ်ဆောင်လာသူ၏ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပါ။

news-view-count-icon

8