back

ဧရာဝတီတိုင်းတွင် မျိုးတုန်းတော့မည့် ရှားပါး ကြိုးကြာခေါင်းနီငှက်များ အကောင်၂၀၀‌ကျော်အထိ စံချိန်တင် တွေ့ရှိခဲ့

Jun 17 • 1:48 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းတွင် မျိုးတုန်းတော့မည့် ရှားပါး ကြိုးကြာခေါင်းနီငှက်များ အကောင်၂၀၀‌ကျော်အထိ စံချိန်တင် တွေ့ရှိခဲ့

မြန်မာနိုင်ငံ၏ ဌာနေမျိုးစိတ်တစ်ခုဖြစ်ပြီး မျိုးတုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကြိုးကြာခေါင်းနီငှက်များကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း၌ တစုတ...

မြန်မာနိုင်ငံ၏ ဌာနေမျိုးစိတ်တစ်ခုဖြစ်ပြီး မျိုးတုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကြိုးကြာခေါင်းနီငှက်များကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း၌ တစုတဝေးတည်း အကောင်ရေ ၂၀၀ ကျော် စံချိန်တင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ အုပ်စုကြီးတစ်ခုတည်းတွင် ကောင်ရေအမြောက်အမြား စုဖွဲ့ကျက်စားလာခြင်းမှာ ဒေသတွင်း ဘေးအန္တရာယ်ကင်းရှင်းပြီး အစာရေစာလုံလောက်မှုကြောင့်ဖြစ်ကြောင်း၊ ၎င်းငှက်များသည် မအူပင်နှင့် ဝါးခယ်မမြို့နယ်ရှိ ရေတိမ်ချောင်းစပ်ကျေးရွာများတွင် အများဆုံးကျက်စားလေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သည့် ၁၁ နှစ်တာကာလအတွင်း ဒေသခံများနှင့် အဖွဲ့အစည်းများ ပူးပေါင်းကာ ငှက်ကိုင်း၊ တောကိုင်းထောင်ခြင်းနှင့် ထောင်ချောက်ဆင်ခြင်းများကို တားမြစ်ပိတ်ပင်၍ ထိန်းသိမ်းစောင့်ရှောက်လာမှုကြောင့် လက်ရှိတွင် အမဲလိုက်မှုများ မရှိတော့ဘဲ ကောင်ရေတိုးတက်ဖို့ မျှော်လင့်ချက်ကောင်းများ ရှိလာခြင်းဖြစ်သည်။ သို့သော်လည်း ကြိုးကြာခေါင်းနီငှက်များသည် ရာသီဥတုဖောက်ပြန်မှုဒဏ်နှင့် စားကျက်မြေ တဖြည်းဖြည်း လျော့နည်းလာသည့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

33