ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် အဝေးပြေးလမ်းမပေါ်တွင် အလုံပိတ်ကားတစ်စီးအတွင်း တရားမဝင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဇွန်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။ စူရတ်ဌာနီခရိုင် ထာ့ချနဒေသ အာရှလမ်းမကြီးပေါ်တွင် ရပ်ထားသည့် အဆိုပါအလုံပိတ်ကားကို ရဲတပ်ဖွဲ့က ကူညီရန် သွားရောက်စစ်ဆေးရာမှ သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် ကားနောက်ခန်းကို ဖွင့်လှစ်ရာ တရားဝင်စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသူများကို ရတ်ချ်ဘူရီခရိုင်မှတစ်ဆင့် ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်သို့ ပို့ဆောင်ရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ကားသမားမှာလည်း ယခင်က ယင်းသို့ တရားမဝင်ပို့ဆောင်မှုဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကားသမားနှင့် မြန်မာနိုင်ငံသားများအား ဥပဒေအရ အရေးယူနိုင်ရန် ထာ့ချနရဲစခန်းသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီတွင် အလုံပိတ်ကားဖြင့် လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရ
Jun 17 • 1:43 AM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


