တရုတ်နိုင်ငံ၏ သုံးစွဲမှုအင်အားကို ပြသသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ လက်လီရောင်းအား စုစုပေါင်းသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလတာအတွင်း) ယခင်နှစ်ကာလတူထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။ ယင်းကာလအတွင်း ဝန်ဆောင်မှုလက်လီရောင်းအား ၅.၄ ရာခိုင်နှုန်းနှင့် ကုန်ပစ္စည်းလက်လီရောင်းအား ၁.၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။စားသုံးသူကုန်ပစ္စည်းများ၏ လက်လီရောင်းအားစုစုပေါင်းမှာ ယွမ် ၂၀.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၀၂ ထရီလီယံခန့်) ရှိပြီး ယခင်နှစ်ထက် ၁.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ထို့ပြင် အွန်လိုင်းလက်လီရောင်းအားပမာဏမှာ ယွမ် ၈.၃ ထရီလီယံ (၅.၉ ရာခိုင်နှုန်းမြင့်တက်) ရှိခဲ့ရာ၊ အစားအသောက်နှင့် အဝတ်အထည် အွန်လိုင်းရောင်းအားများမှာ ၁၅.၅ ရာခိုင်နှုန်းနှင့် ၇.၂ ရာခိုင်နှုန်းစီ အသီးသီး ကျယ်ပြန့်လာခဲ့သည်။ အလားတူ ဝန်ဆောင်မှုဆိုင်ရာ အွန်လိုင်းလက်လီရောင်းအားမှာလည်း ယွမ် ၃.၀၅ ထရီလီယံအထိ ရှိခဲ့ပြီး ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ လက်လီရောင်းအား ပထမငါးလတာအတွင်း ၂.၈ ရာခိုင်နှုန်း မြင့်တက်
Jun 17 • 1:41 AM
China
Local News
Share
| 8 | 0 | 0 | 0 |


