တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပွဲသို့ တက်ရောက်ရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်အဖွဲ့သည် ဇွန်လ ၁၆ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့သည်။ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP) ၏ ဦးဆောင်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင် ၁၃၄ ဦး ပါဝင်သော အဆိုပါအဖွဲ့သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ဆွေးနွေးပွဲများနှင့် ပြပွဲများကို တက်ရောက်ကြမည်ဖြစ်သည်။ ယခုခရီးစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုနှင့် စီးပွားရေးအခွင့်အလမ်းကောင်းများ ပြန်လည်ဆောင်ကြဉ်းလာနိုင်မည်ဟု မျှော်လင့်ထားကြသည်။ 
Jun 17 • 1:38 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


