back

ဧရာဝတီတိုင်း၊မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ်(၂၂)မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၄ သန်းခန့် တိုးတက်ထွက်ရှိ

Jun 17 • 1:36 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ်(၂၂)မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၄ သန်းခန့် တိုးတက်ထွက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ်(၂၂)ရှိ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး တိုးချဲ့သေနတ်ဖောက်ယူခဲ့ရာ ဇွန်လ ၁၂ ရက်နေ့မှစ၍ ...

ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ်(၂၂)ရှိ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး တိုးချဲ့သေနတ်ဖောက်ယူခဲ့ရာ ဇွန်လ ၁၂ ရက်နေ့မှစ၍ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၄ သန်းခန့် တိုးတက်ထုတ်ယူရရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဓာတ်မြေဩဇာစက်ရုံများ၊ အခြားစက်ရုံအလုပ်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အရောင်းဆိုင်များသို့ တိုးချဲ့ပေးပို့ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်နေသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မအူပင်၊ ညောင်တုန်းနှင့် အဖျောက်ရေနံမြေများရှိ ပါးလွှာသဲကြောများကို သုတေသနပြု ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယခင်ကလည်း မအူပင်ရေနံမြေ တွင်းအမှတ် (၁၄၊ ၁၆၊ ၁၈၊ ၂၀) တို့မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၆ ဒသမ ၈ ကုဗပေသန်းခန့် ထုတ်ယူကာ ရန်ကုန်ရှိ မော်တော်ယာဉ်အရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17