ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်၊ ကရမက်လမ်းတွင် ဇွန်လ ၁၆ ရက် (ယနေ့) မွန်းလွဲ ၃ နာရီ ၃ မိနစ်အချိန်ခန့်က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုမရှိစေရန်နှင့် ပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 16 • 12:24 PM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


