ဗီယက်နမ်လက်ရွေးစင်အသင်းသည် လာမည့် ဇူလိုင် ၁၈ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအတွက် အကြိုပြင်ဆင်မှုအဖြစ် ဇူလိုင် ၂ ရက်မှ ၁၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၌ (၁၀) ရက်ကျော်ကြာ သွားရောက်နေထိုင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ရည်ရွယ်သည့် အဆိုပါခြေစမ်းပွဲကို ဗီယက်နမ်နိုင်ငံ ထရိုင်ငုရင်ကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် ဗီယက်နမ်အသင်းနည်းပြ ကင်မ်ဆောင်ဆစ်က ကစားသမား ၂၈ ဦး ရွေးချယ်ကာ ဇွန် ၂၂ ရက်မှစ၍ ဟနွိုင်းမြို့၌ စတင်လေ့ကျင့်တော့မည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဗီယက်နမ်အသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ဖူးကြောင်း သိရသည်။
မြန်မာအသင်းနှင့် ခြေစမ်းပွဲမကစားမီ ဗီယက်နမ်လက်ရွေးစင်အသင်း တောင်ကိုရီးယားနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်
Jun 16 • 12:25 PM
Vietnam
Local News
Share
| 7 | 0 | 0 | 0 |


