back

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်ပြီး အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ဦးစားပေးဆောင်ရွက်မည်

Jun 16 • 12:21 PM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်ပြီး အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ဦးစားပေးဆောင်ရွက်မည်

ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ပိုမိုတည်ငြိမ်ကောင်းမွန်လာစေရေးနှင့် ပြည်သူများအတွက် ပိုမိုအဆင်ပြေသည့် လျှပ်စစ်ဝန်ဆောင်မှုများ ပေးနိုင်ရေးကို...

ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ပိုမိုတည်ငြိမ်ကောင်းမွန်လာစေရေးနှင့် ပြည်သူများအတွက် ပိုမိုအဆင်ပြေသည့် လျှပ်စစ်ဝန်ဆောင်မှုများ ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်ကို ဇွန်လ ၁၅ ရက် (ယမန်နေ့) က မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအတွင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19