မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် MFF Royal-D U15 League (Mandalay Zone) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခြေစစ်ပွဲဝင်အသင်း ၄ သင်းမှ ကစားသမားများကို အသက်ကျော်မှု မရှိစေရန်အတွက် လဝက တာဝန်ရှိသူများနှင့် ပူးပေါင်းကာ မန္တလေးဘောလုံးအကယ်ဒမီ၌ အထောက်အထားများ တိကျစွာ စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် Electronic ID စနစ်ကို အသုံးပြု၍ Eye Scan ဖတ်ခြင်း၊ Biometric Registration System စနစ်ဖြင့် လက်ဗွေပုံစံ (Fingerprint) မှတ်တမ်းယူခြင်းနှင့် Smart Card များကို တိုက်ဆိုင်စစ်ဆေးခြင်းတို့အပြင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မွေးစာရင်းများနှင့် ဆေးစစ်မှုများကိုပါ ပူးတွဲလုပ်ဆောင်ကာ လူမှန်၊ မမှန်နှင့် အသက်အရွယ် တိကျမှန်ကန်မှုရှိစေရန် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 16 • 8:34 AM
Myanmar
Mandalay
Share
| 11 | 0 | 0 | 0 |


