မြန်မာ–တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) က ကြီးမှူးကျင်းပမည့် Myanmar–China Trade & Investment Expo 2026 ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (YCC) တွင် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ပြည်တွင်း MSMEs လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ စားသောက်ကုန်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို ပါဝင်ပြသရန် ဖိတ်ခေါ်ထားပြီး၊ ပြပွဲတွင် ပါဝင်ခြင်းဖြင့် ထုတ်ကုန်များကို လူသိများလာစေမည့်အပြင် တရုတ်နှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
Jun 16 • 8:33 AM
Myanmar
Yangon
Share
| 18 | 0 | 0 | 0 |


