back

ထိုင်းနိုင်ငံ၊ဆူရတ်ဌာနီတွင် လမ်းဘေး၌ ပျက်နေသည့် ကွန်တိန်နာကားကို ရဲတပ်ဖွဲ့က ကူညီရန် စစ်ဆေးရာမှ တရားမဝင် မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးမိ

Jun 16 • 8:32 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဆူရတ်ဌာနီတွင် လမ်းဘေး၌ ပျက်နေသည့် ကွန်တိန်နာကားကို ရဲတပ်ဖွဲ့က ကူညီရန် စစ်ဆေးရာမှ တရားမဝင် မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးမိ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်အတွင်းရှိ အာရှလမ်းမကြီးပေါ်တွင် ဇွန်လ ၁၆ ရက် (ယနေ့) က လမ်းဘေးတွင် ပျက်၍ ရပ်ထားသည့် ကုန်တင်ကားတစ်စီးကို အဝေးပြေးရဲတပ်ဖွဲ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်အတွင်းရှိ အာရှလမ်းမကြီးပေါ်တွင် ဇွန်လ ၁၆ ရက် (ယနေ့) က လမ်းဘေးတွင် ပျက်၍ ရပ်ထားသည့် ကုန်တင်ကားတစ်စီးကို အဝေးပြေးရဲတပ်ဖွဲ့က ကူညီရန် သွားရောက်စစ်ဆေးရာမှ အလုံပိတ်ကွန်တိန်နာခန်းအတွင်း တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို ရှာဖွေဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများတွင် မည်သည့်အထောက်အထားမျှ မပါရှိဘဲ၊ ထိုင်းယာဉ်မောင်းက ၎င်းတို့အား ရတ်ချဘူရီခရိုင်မှတစ်ဆင့် မလေးရှားနယ်စပ်အနီး ဟတ်ယိုင်မြို့သို့ ပို့ဆောင်ပေးရန် ငှားရမ်းခံရခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ ထိုင်းယာဉ်မောင်းမှာ ယခင်ကလည်း လူမှောင်ခိုမှုဖြင့် ဖမ်းဆီးခံရဖူးပြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်ကာ၊ လက်ရှိတွင် ၎င်းနှင့် မြန်မာလုပ်သား ၃၃ ဦးလုံးကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် သာချန့ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

news-view-count-icon

6