ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင် ဝင်းကိန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းဘေးတွင် တန်ဖိုးကြီးမားသည့် "Y1" အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆ ဒသမ ၀၂ သန်းကျော် (ဆာလာအိတ် ၁၇ အိတ်) ကို ထိုင်းရေတပ်နှင့် မဲခေါင်မြစ်ကြောင်းထိန်းသိမ်းရေးတပ်ဖွဲ့က ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အာဏာပိုင်များသည် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်လာမည့် သတင်းအရ စောင့်ကြည့်နေစဉ် အိမ်နီးချင်းနိုင်ငံဘက်မှ မောင်းနှင်လာသော စက်လှေတစ်စီးက ထိုင်းဘက်ကမ်းတွင် ဆာလာအိတ်များ လာရောက်ချထားပြီး ချက်ချင်းမောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ၊ မူးယစ်မှောင်ခိုသမားများမှာ အမှောင်ထုကို အကာအကွယ်ယူ၍ လွတ်မြောက်သွားခဲ့သည်။ လက်ရှိတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး ကွင်းဆက်တရားခံများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်၊ မဲခေါင်မြစ်ကမ်းဘေးတွင် စက်လှေဖြင့် လာချသွားသည့် စိတ်ကြွဆေးပြား ၆ သန်းကျော်ကို ထိုင်းရေတပ် ဖမ်းဆီးမိ
Jun 16 • 8:31 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


